မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၂.၁၂.၂၀၁၉)ရက်နေ့၊ နံနက် (၁၁:၃၀)နာရီအချိန်တွင် ရေနည်းမည့် အခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။
ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်အရ မန္တလေး မြို့တွင် (၃၅၈)စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့ ၏ ရေနည်းသတိပေးမှတ် (၃၆၀)စင်တီမီတာအောက် ဆက်လက်တည်ရှိနိုင်ပါသည်။