လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃.၁၂.၂၀၁၉) ရက်နေ့ ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာအုပ်စု စပူပြင်ကျေးရွာ မီးဘေးမှ မီးဘေးသင့်အိမ်ထောင်စုတစ်စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး တစ်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး၊ တစ်သိန်းနှင့် လူ(၃)ဦးအတွက် ဆန်ဘိုး (၆၃၀၀) ကျပ်တို့ကို (၁၄.၁၂.၂၀၁၉)ရက်နေ့ နေ့လည် (၁:ဝဝ)နာရီအချိန်တွင် မြိတ်ခရိုင်ဘေးစီမံမှ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)