လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်း မြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၁၂.၂၀၁၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြောင်းမြမြို့နယ်၊ စိုက်ပျိုးရေး သိပ္ပံကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ဆိုင်သော အသိပညာပေး ဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် စာရေးကိရိယာများ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)