တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

15_Pic_01 15_Pic_02

တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့ပေါ်ရှိလမ်းမ ဘုန်းတော်ကြီးကျောင်း၊ ရန်အောင်မြေဘုန်းတော်ကြီးကျောင်းနှင့် ဘူးသီးတောင်မြို့နယ်၊စေတီတောင်ကျေးရွာနှင့် ဖုံညိုလိပ်(ဘင်္ဂါလီ)ကျေးရွာ၊ စုစုပေါင်း စုရပ်စခန်း (၄) ခုတွင် ရိက္ခာ ထပ်မံလိုအပ်လျှက်ရှိသော တိုက်ပွဲ ရှောင်ပြည်သူအိမ်ထောင်စု (၁၁၇၉)စု၊ လူဦးရေ(၅၄၁၀)ဦး အတွက် ဆန်ရိက္ခာ(၂)ပတ်စာ ဆန်(၇၈၈)အိတ်(၂၃)ပြည်တို့ကို ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးနှင့် ဘူးသီးတောင်မြို့နယ် ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများက သွားရောက်ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr

#rke_dec2019

Sourrce:  မောင်တောခရိုင်ဦးစီးမှူးရုံး၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events