Author Archives: Hlaing ChoOo
-
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမတွင် (၁၃ -၁၀ -၂၀၁၇) ရက်နေ့ (၀၉:၃၀) အချိန်၌ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနားအား ကျင်းပခဲ့ရာ ကချင်ပြည်နယ် လွှတ်တော်ဥက္ကဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများနှင့် UN, INGOs, NGOs အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း အင်အား (၅၀၀) ဦးခန့်တတ်ရောက်ခဲ့ပြီး ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က အဖွင့်အမှာစကား ပြောကြားခြင်း၊ UNDP မှ ကိုယ်စားလှယ် (၁) ဦးက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ … Read more
-
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
၂၀၁၇ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနားအား ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ (၁၃-၁၀-၂၀၁၇) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်ထိ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားတွင် ကရင်ပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်ဦးစီးမှူးမှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အထူး ကိုယ်စားလှယ်၏ သဝဏ်လွှာအား ဖတ်ကြားခဲ့ပါသည်။ ထို့နောက် သဘာဝဘေးမှတ်တမ်းဗီဒီယိုခွေပြသခြင်း နှင့် ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။ အဆိုပါအခမ်းအနား သို့ တက်ရောက်သူ (၃၀၀) … Read more
-
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးဆောင်၍ (၁၃-၁၀-၂၀၁၇) ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် စစ်တွေမြို့၊ ဦးဥတ္တခန်းမ၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ရခိုင် ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ အထူးကိုယ်စားလှယ်၏ သဝဏ်လွှာအား ရခိုင်ပြည်နယ်ဦးစီးမှူးမှ ဖတ်ကြား ခဲ့ပါသည်။ ဆက်လက်၍ စာစီစာကုံး၊ ပန်းချီနှင့် နံရံဆေးရေးပန်းချီပြိုင်ပွဲများမှ ဆုရကျောင်း သား/သူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ပါသည်။ ထို့နောက် သဘာဝဘေးမှတ်တမ်းဗီဒီယိုခွေပြသခြင်းနှင့် ခင်းကျင်းပြသထား သည့် … Read more
-
အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၇ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်အခမ်းအနားအား မော်လမြိုင်မြို့၊ ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ (၁၃-၁၀-၂၀၁၇) ရက်နေ့၊ သောကြာနေ့ နံနက် (၀၉:၀၀) နာရီအချိန်မှ (၁၀း၄၅) နာရီအချိန်ထိ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားတွင် မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အဖွဲ့ဥက္ကဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး UNDP အဖွဲ့မှ မွန်ပြည်နယ်၊ ကရင်ပြည်နယ် ဧရိယာညှိနှိုင်းရေးမှူး ဒေါ်နီနီလွင်မှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အထူးကိုယ်စားလှယ်၏ သဝဏ်လွှာအား ဖတ်ကြားခဲ့ပါသည်။ ထို့နောက်သဘာဝဘေးမှတ်တမ်းဗီဒီယိုခွေပြသခြင်းနှင့် မှတ်တမ်းဓာတ်ပုံများလှည့်လည်ကြည့်ရှုခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားသို့ … Read more
-
သဘာဝဘေးနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများ ပို့ချမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၀-၂၀၁၇) ရက်နေ့တွင် အောက်တိုဘာလ (၁၃) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် မူလတန်းကျောင်း (၆) ကျောင်းမှ ကျောင်းသူ/ ကျောင်းသား (၁၂၀) ဦးအား သဘာဝဘေးနှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်များနှင့် သဘာဝဘေးလျော့ပါးရေးနေ့အကြောင်းပြောကြားခဲ့ပြီး ကလေးများအား ဆေး ရောင်ခြယ်ပြိုင်ပွဲနှင့် ဂိမ်းပြိုင်ပွဲများ ယှဉ်ပြိုင်စေခဲ့ပြီး ဆုများချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့၏ အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာညွှန်ကြားရေးမှူးနှင့်အဖွဲ့ လာရောက်တွေ့ဆုံမှုသတင်း
၁၁-၁၀-၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအားကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme – WFP) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး Mr. David Kaatrud နှင့်အဖွဲ့က ယနေ့နံနက် (၉) နာရီ၌ အဆိုပါဝန်ကြီးရုံးမေခလာခန်းမတွင် လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံတွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ၏ လုပ်ငန်းများဆိုင်ရာ မဟာဗျူဟာအသစ်အရဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေမှုများ၊ ဝန်ကြီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာအရဆောင်ရွက်နေသည့် စာသင်ကျောင်းများတွင် အာဟာရကျွေးမွေးရေးအစီအစဉ်များ၌ (WFP) မှ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ သက္ကယ်ကုန်းကျေးရွာအုပ်စု၊ စာဖြူကုန်းကျေးရွာ၌ (၄-၁၀-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွား ခဲ့သော လေဘေးကြောင့် နေအိမ် (၁) လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ် (၅) လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပါ သည်။ အဆိုပါ ပြိုကျ ပျက်စီးနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ တစ်စိတ်တစ်ပိုင်း ပျက်စီး နေအိမ် (၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်နှင့် … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြဝတီမြို့၊ အမှတ် (၁) ရပ်ကွက်၊ နှင်းဆီလမ်းတွင် (၁၀-၁၀-၂၀၁၇) ရက်နေ့၊ ည (၁၁:၀၀) အချိန်တွင ဖြစ်ပွား ခဲ့သော မီးဘေးကြောင့် မီးဘေးဒုက္ခခံစားခဲ့ရသော အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၁၄) စုမှ ကျား (၂၇) ဦး မ (၂၂) ဦး၊ စုစုပေါင်း (၄၉) ဦးအား ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးပါ ပလပ်စတစ်ပုံး တစ်အိမ်ထောင်လျှင် (၁) ပုံး၊ … Read more
-
ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေ၊ ဒေါက်တာဝင်းမြတ်အေးနှင့် ဦးသိန်းဆွေတို့ ဦးဆောင်သည့် အစိုးရအဖွဲ့ဝင်များ၊ သံတမန်များနှင့် သတင်းမီဒီယာများရခိုင်ပြည်နယ်အတွင်းကွင်းဆင်းကြည့်ရှု
စစ်တွေ အောက်တိုဘာ ၁ဝ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေသည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြု ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်၊ အိမ်နီးချင်းငါးနိုင်ငံမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့် စစ်တွေမြို့သို့ ရောက်ရှိလာရာရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။ စစ်တွေမြို့သို့ ရောက်ရှိစဉ် … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်နေစဉ်
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦး မြို့နယ်၊ ရွာဟောင်းတောကျေးရွာအုပ်စု၊ သင်္ဘောဆိပ်ချင်းရွာ၌ (၂-၁၀-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် ဘေးသင့်ခဲ့သော လူနေအိမ် (၁) လုံး အိမ်ထောင်စု (၁) စုမှ ကျား (၁) ဦး၊ မ (၂) ဦး၊ စုစုပေါင်း (၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀) ကျပ် … Read more
