ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြဝတီမြို့၊ အမှတ် (၁) ရပ်ကွက်၊ နှင်းဆီလမ်းတွင် (၁၀-၁၀-၂၀၁၇) ရက်နေ့၊ ည (၁၁:၀၀) အချိန်တွင ဖြစ်ပွား ခဲ့သော မီးဘေးကြောင့် မီးဘေးဒုက္ခခံစားခဲ့ရသော အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၁၄) စုမှ ကျား (၂၇) ဦး မ (၂၂) ဦး၊ စုစုပေါင်း (၄၉) ဦးအား ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးပါ ပလပ်စတစ်ပုံး တစ်အိမ်ထောင်လျှင် (၁) ပုံး၊ စုစုပေါင်း (၁၄) ပုံးတို့ကို အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ လတ်တလော ထောက်ပံ့ပေးအပ်ခဲ့ သည်။ အဆိုပါထောက်ပံ့ပေးအပ်သည့်အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြဝတီမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊ မီးဘေးဒုက္ခခံစား ခဲ့ကြရသူ အိမ်ထောင်စုဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ကဆရ)