ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦး မြို့နယ်၊ ရွာဟောင်းတောကျေးရွာအုပ်စု၊ သင်္ဘောဆိပ်ချင်းရွာ၌ (၂-၁၀-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် ဘေးသင့်ခဲ့သော လူနေအိမ် (၁) လုံး အိမ်ထောင်စု (၁) စုမှ ကျား (၁) ဦး၊ မ (၂) ဦး၊ စုစုပေါင်း (၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၁၀၆,၃၀၀) ကျပ်တို့အား (၁၀-၁၀-၂၀၁၇) ရက်နေ့တွင် ရွာဟောင်းတောကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)