ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမတွင် (၁၃ -၁၀ -၂၀၁၇) ရက်နေ့ (၀၉:၃၀) အချိန်၌ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနားအား ကျင်းပခဲ့ရာ ကချင်ပြည်နယ် လွှတ်တော်ဥက္ကဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများနှင့် UN, INGOs, NGOs အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း အင်အား (၅၀၀) ဦးခန့်တတ်ရောက်ခဲ့ပြီး ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က အဖွင့်အမှာစကား ပြောကြားခြင်း၊ UNDP မှ ကိုယ်စားလှယ် (၁) ဦးက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ အထူးကိုယ်စားလှယ်၏ သဝဏ်လွှာအားဖတ်ကြားခြင်း၊ အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရ ကျောင်းသား/သူများအား ဆုချီမြှင့်ခြင်း၊ သဘာဝဘေး မှတ်တမ်းဗွီဒီယိုပြသခြင်း၊ ပြခန်းများလှည့်လည်ကြည့်ရှုခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဗဟုသုတ ဉာဏ်စမ်းပဟေဠိမေးခွန်း အမေးအဖြေများဖြင့် ဂိမ်းကစားခြင်းများ စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)