ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့၏ အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာညွှန်ကြားရေးမှူးနှင့်အဖွဲ့ လာရောက်တွေ့ဆုံမှုသတင်း

12 Pic 02

၁၁-၁၀-၂၀၁၇၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအားကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme – WFP) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး Mr. David Kaatrud နှင့်အဖွဲ့က ယနေ့နံနက် (၉) နာရီ၌ အဆိုပါဝန်ကြီးရုံးမေခလာခန်းမတွင် လာရောက်တွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံတွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ၏ လုပ်ငန်းများဆိုင်ရာ မဟာဗျူဟာအသစ်အရဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေမှုများ၊ ဝန်ကြီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာအရဆောင်ရွက်နေသည့် စာသင်ကျောင်းများတွင် အာဟာရကျွေးမွေးရေးအစီအစဉ်များ၌ (WFP) မှ ပူးပေါင်းဆောင်ရွက်မှုများ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် အရေးပေါ်ကူညီပေးရေး လုပ်ငန်းများ၊ ရခိုင်ပြည်နယ်တွင်ဆောင်ရွက်မည့် လူသားချင်းစာနာကူညီမှုအစီအစဉ်များ၊ ဘေး အန္တရာယ်ဆိုင်ရာကြိုတင်ပြင်ဆင်မှုကဏ္ဍတွင် အရည်အသွေး မြှင့်တင်ခြင်းသင်တန်းများဆောင်ရွက် မည့်ကိစ္စများ၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်နေသည့် တရားဥပဒေစိုးမိုးရေး၊ လူသားချင်းစာနာကူညီမှုအစီအစဉ်များ၊ လုံခြုံရေးနှင့်မိသားစုများပြန်လည်ပေါင်းစည်းရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွက် ယာယီသိုလှောင်ရုံလိုအပ်ချက်အခြေအနေများ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းရေးဖြစ်စဉ်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် ဆက်လက်ကူညီသွားရေး ကိစ္စရပ်များဆွေးနွေးခဲ့ကြပါသည်။

ထိုနောက် ဦးထက်အောင်လင်းဦးဆောင်သောရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေးလမ်းလျှောက် အဖွဲ့နှင့် ဆက်လက်တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့မှ ပြုစုထားသော ဘူးသီးတောင် မြို့နယ်၏ မြေပြင်အခြေအနေများနှင့်ပတ်သက်သည့် အစီရင်ခံစာကိစ္စ၊ ရခိုင်ပြည်နယ်တွင် နိုင်ငံတော် အစိုးရမှ ဦးဆောင်၍ဆောင်ရွက်နေသောလူသားချင်းစာနာကူညီမှုဆိုင်ရာလုပ်ငန်းများတွင် လူငယ် များအနေဖြင့် ပါဝင်ကူညီဆောင်ရွက်နိုင်ရေးကိစ္စရပ်များကိုဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် များကြောင့် ခေတ္တနေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသားများ၏ အရေးပေါ်လိုအပ် ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက်ဗဟိုဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည် (ဇီးပင်ကြီး) အကြိုဇေယျသင်တန်းအမှတ်စဉ် (၁၄)သင်တန်းဆင်းအရာထမ်းများက လှူဒါန်းငွေကျပ် (၈၂၀,၀၀၀)အားလည်းကောင်း၊ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ် (Construction and Housing Development Bank) က လှူဒါန်းငွေ ကျပ် (၁၅,၀၀၀,၀၀၀ိ/-) ကိုလည်းကောင်းအဆိုပါ ဝန်ကြီးရုံးသို့ လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events