ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ သက္ကယ်ကုန်းကျေးရွာအုပ်စု၊ စာဖြူကုန်းကျေးရွာ၌ (၄-၁၀-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွား ခဲ့သော လေဘေးကြောင့် နေအိမ် (၁) လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ် (၅) လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပါ သည်။ အဆိုပါ ပြိုကျ ပျက်စီးနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ တစ်စိတ်တစ်ပိုင်း ပျက်စီး နေအိမ် (၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၁၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၉,၉၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၃၉,၉၀၀) ကျပ်တို့အား မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ် ဒုတိယဦးစီးမှူးနှင့်အတူ (၁၁-၁၀-၂၀၁၇) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)