Author Archives: Hlaing ChoOo

  • ဘွတ်ကြီးရေလှောင်တမံအောက်ပိုင်းမှ ရွှေ့ပြောင်းပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ သမ္ဘူလကျေးရွာ အုပ်စုအတွင်းရှိ ဘွတ်ကြီးရေလှောင်တမံကျိုးပေါက်ပြီး ဆည်ရေကြီးမည့်အန္တရာယ်ကို စိုးရိမ်စိတ်ဖြင့် ရွှေ့ပြောင်းကြ သော ကျေးရွာ (၆) ရွာမှ အိမ်ထောင်စု (၄၉၀) စု၊ လူဦးရေ (၁၇၉၅) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၃,၇၆၉,၅၀၀/-) ကျပ်နှင့် (၁၀x၁၀) ပေ မိုးကာစ (၄၉၀) စတို့ကို (၂၆-၉-၂၀၁၈) ရက်နေ့၊ (၁၁း၃၀) နာရီအချိန်တွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် … Read more

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းအမှတ်စဉ် (၄/၂၀၁၈) ဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် ပုလောမြို့နယ်၊ ပလမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၄/၂၀၁၈) ဖွင့်လှစ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား တာဝန်ရှိသူတစ်ဦးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) တာဝန်ရှိသူတစ်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ သင်ထောက်ကူပစ္စည်းများပေးအပ်ခြင်းနှင့် ဂိမ်းကစားခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား/သူ (၃၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလ (၃) ရက်ဖြင့် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း … Read more

  • ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ ကျွန်းမီးကျေးရွာအုပ်စု၊ ကျွန်းမီးကျေးရွာ၌ (၁၄-၉-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ် (၁၉) လုံးနှင့် ပန်းတောင်း မြို့နယ်၊ ကျွန်းမီးအုပ်စု၊ ရွှေတောင်စုကျေးရွာ၌ (၁၉-၉-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ် (၃၃) လုံး၊ စုစုပေါင်း (၅၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅,၂၀၀,၀၀၀/-) ကျပ် တို့အား (၂၆-၉-၂၀၁၈) ရက်နေ့၊ (၁၀း၄၅) နာရီအချိန်တွင် ပန်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more

  • မုန်တိုင်းအသိပညာပေးဗီနိုင်းပိုစတာစိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၉-၂၀၁၈) ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ရန်မျိုးအောင် ရပ်ကွက်၊ ကျိုက်မရော အ.ထ.က ကျောင်းရှေ့တွင် မုန်တိုင်းဘေးအသိပညာပေးဗီနိုင်းပိုစတာအား စိုက်ထူခဲ့ပါသည်။ အဆိုပါ ဗီနိုင်းစိုက်ထူပွဲအခမ်းအနားသို့ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်ဌာနများ၊ လွှတ်တော်ကိုယ်စား လှယ်များနှင့် ရပ်မိ/ရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ Source:မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar_str #mon_Sep2018

  • ညောင်ဦးမြို့နယ်၊ ကြအိုကျေးရွာအုပ်စု၊ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးခရိုင်၊ညောင်ဦးမြို့နယ်၊ ကြအိုကျေးရွာအုပ်စု၊ ကြအိုကျွန်း ကျေးရွာ၌ (၁၈-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုကျနေအိမ် (၃) လုံး၊ အိမ် ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၃) အိမ်ထောင်စာ၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁၅) အိမ်ထောင်စာ၊ ဘေးသင့်နေအိမ် (၁၈) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁,၂၅၀,၀၀၀/-) … Read more

  • လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့နယ်၊ တန်ဘက်လှန်းကျေးရွာအုပ်စု၊ ဖာလာကျေးရွာ၌ (၁၉-၉-၂၀၁၈) ရက်နေ့တွင် လေပြင်တိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားခဲ့သော နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ အိမ်ထောင်စု(၁)စုလျှင် (၅၀,၀၀၀/-) ကျပ်နှုန်းဖြင့် (၁၅၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၅,၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၂,၇၃၀/-) … Read more

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၁၈) ရက်နေ့ နံနက်(၀၉း၀၀) နာရီအချိန်တွင် ရွှေကူ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ တက်ရောက် အမှာ စကားပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနား၌ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲ (၃၅) ဦးနှင့် ရွှေကူမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ထိခိုက်ဆုံးရှုံးနိုင်ခြေအများဆုံးဖြစ်သည့် ကျေးရွာအုပ်စု (၃၀) အုပ်စုမှ အုပ်ချုပ်ရေးမှူး (၃၀) ဦး … Read more

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တာချီလိတ်မြို့တွင် မူးယစ်ပြန်လည်ထူထောင်ရေး စခန်းဖွင့်လှစ်ရေးလုပ်ငန်းဆောင်ရွက်မှုသတင်း

    စက်တင်ဘာ ၂၄၊ တာချီလိတ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာချီလိတ်မြို့၊ ဘဒ္ဒန္ဓဓမ္မသီရိ (နဂါးနှစ်ကောင်ဆရာတော်ကြီး) အား ဖူးမျှော်ကြည်ညိုခြင်းနှင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး စခန်း အသစ်တည်ဆောက်ဖွင့်လှစ်မည့် လုပ်ငန်းများစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက နဂါးနှစ်ကောင်ကျောင်းတိုက်ရှိ၊ ဘဒ္ဒန္ဓဓမ္မသီရိ (နဂါးနှစ်ကောင်ဆရာတော်ကြီး)အား သွားရောက်ဖူးမျှော်ကြည်ညိုပြီး သင်္ကန်း၊ နဝကမ္မအလှူငွေ ဆပ်ကပ်လှူဒါန်း ခြင်းနှင့် တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီတော်တွင် ပန်း၊ ဆီမီး ကပ်လှူပူဇော်ပြီး အလှူငွေများလှူဒါန်းခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၉-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) အချိန်မှ (၁၃း၃၀) နာရီအချိန်အထိ ဟားခါးမြို့နယ်၊ အိုင်ဘဲကျေးရွာ၌ ကျေးရွာနေပြည်သူလူထု (၅၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာ ပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ချင်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #chn_Sep2018

Sign Up

Upcoming Events