လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၉-၂၀၁၈) ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ရန်မျိုးအောင် ရပ်ကွက်၊ ကျိုက်မရော အ.ထ.က ကျောင်းရှေ့တွင် မုန်တိုင်းဘေးအသိပညာပေးဗီနိုင်းပိုစတာအား စိုက်ထူခဲ့ပါသည်။ အဆိုပါ ဗီနိုင်းစိုက်ထူပွဲအခမ်းအနားသို့ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်ဌာနများ၊ လွှတ်တော်ကိုယ်စား လှယ်များနှင့် ရပ်မိ/ရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
Source:မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#ar_str
#mon_Sep2018