ဘွတ်ကြီးရေလှောင်တမံအောက်ပိုင်းမှ ရွှေ့ပြောင်းပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ သမ္ဘူလကျေးရွာ အုပ်စုအတွင်းရှိ ဘွတ်ကြီးရေလှောင်တမံကျိုးပေါက်ပြီး ဆည်ရေကြီးမည့်အန္တရာယ်ကို စိုးရိမ်စိတ်ဖြင့် ရွှေ့ပြောင်းကြ သော ကျေးရွာ (၆) ရွာမှ အိမ်ထောင်စု (၄၉၀) စု၊ လူဦးရေ (၁၇၉၅) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၃,၇၆၉,၅၀၀/-) ကျပ်နှင့် (၁၀x၁၀) ပေ မိုးကာစ (၄၉၀) စတို့ကို (၂၆-၉-၂၀၁၈) ရက်နေ့၊ (၁၁း၃၀) နာရီအချိန်တွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_fld
#mgy_Sep2018

Sign Up

Upcoming Events