
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ ကျွန်းမီးကျေးရွာအုပ်စု၊ ကျွန်းမီးကျေးရွာ၌ (၁၄-၉-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ် (၁၉) လုံးနှင့် ပန်းတောင်း မြို့နယ်၊ ကျွန်းမီးအုပ်စု၊ ရွှေတောင်စုကျေးရွာ၌ (၁၉-၉-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ် (၃၃) လုံး၊ စုစုပေါင်း (၅၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅,၂၀၀,၀၀၀/-) ကျပ် တို့အား (၂၆-၉-၂၀၁၈) ရက်နေ့၊ (၁၀း၄၅) နာရီအချိန်တွင် ပန်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source:ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_rbe
#bgo_Sep2018