
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် ပုလောမြို့နယ်၊ ပလမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၄/၂၀၁၈) ဖွင့်လှစ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား တာဝန်ရှိသူတစ်ဦးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) တာဝန်ရှိသူတစ်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ သင်ထောက်ကူပစ္စည်းများပေးအပ်ခြင်းနှင့် ဂိမ်းကစားခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား/သူ (၃၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလ (၃) ရက်ဖြင့် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source:မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#tny_Sep2018