လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့နယ်၊ တန်ဘက်လှန်းကျေးရွာအုပ်စု၊ ဖာလာကျေးရွာ၌ (၁၉-၉-၂၀၁၈) ရက်နေ့တွင် လေပြင်တိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားခဲ့သော နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ အိမ်ထောင်စု(၁)စုလျှင် (၅၀,၀၀၀/-) ကျပ်နှုန်းဖြင့် (၁၅၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၅,၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၂,၇၃၀/-) ကျပ်တို့အား (၂၅-၉-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source:ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#rke_Sep2018

Sign Up

Upcoming Events