
နေပြည်တော်၊ စက်တင်ဘာ ၂၆
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းအစီအစဉ် (၈) ရပ် အနက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ် အောက်ကလေးငယ်များအား ငွေကြေး အထောက်အပံ့ပေးရေးနှင့် လူမှုရေးပင်စင်အစီအစဉ်တို့အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါ သည်။
ဝန်ကြီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစတင်၍ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးငယ်များအား ငွေကြေး အထောက်အပံ့ပေးရေးအစီအစဉ်ကို ကမ္ဘာ့ဘဏ်၏ အတိုးနှုန်းသက်သာသောချေးငွေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ကိစ္စရပ်များအား တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး တို့က လမ်းညွှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းတွင် ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိ သူများတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_Sep2018