လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၁၈) ရက်နေ့ နံနက်(၀၉း၀၀) နာရီအချိန်တွင် ရွှေကူ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ တက်ရောက် အမှာ စကားပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနား၌ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲ (၃၅) ဦးနှင့် ရွှေကူမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ထိခိုက်ဆုံးရှုံးနိုင်ခြေအများဆုံးဖြစ်သည့် ကျေးရွာအုပ်စု (၃၀) အုပ်စုမှ အုပ်ချုပ်ရေးမှူး (၃၀) ဦး စုစုပေါင်း (၆၅) ဦးတက်ရောက်ခဲ့၍ သင်တန်းသား/သင်တန်းသူများအား သင်ထောက်ကူ ပစ္စည်း (၁၀) မျိုးပေးအပ်ခဲ့ပြီး သင်တန်းကာလမှာ (၂၅-၉-၂၀၁၈) ရက်နေ့မှ (၂၇-၉-၂၀၁၈) ရက်နေ့ထိ (၃) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source:ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#kcn_Sep2018