လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးခရိုင်၊ညောင်ဦးမြို့နယ်၊ ကြအိုကျေးရွာအုပ်စု၊ ကြအိုကျွန်း ကျေးရွာ၌ (၁၈-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုကျနေအိမ် (၃) လုံး၊ အိမ် ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၃) အိမ်ထောင်စာ၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁၅) အိမ်ထောင်စာ၊ ဘေးသင့်နေအိမ် (၁၈) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁,၂၅၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂,၆၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၂၆၂,၆၀၀/-) ကျပ်တို့အား (၂၅-၉-၂၀၁၈) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။
#ha_sgw
#mdy_Sep2018
Source:ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)