Latest News
-
Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေး အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မိတ္တီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့်ပတ်သက်၍ သိရှိနားလည်လိုက်နာဆောင်ရွက်စေရန်နှင့် သဘာဝဘေးကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းများ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကို မိတ္ထီလာမြို့နယ်အတွင်းရှိ ကန်သာအုပ်စု (ကန်သာ၊ မင်းရွာ၊ ရိုးကန်၊ ဘုရားဦး၊ ဆပ်ခင်းပေါက်၊ ကျွန်းဖိုပင်၊ ထနောင်းကန်) မကျီးစုအုပ်စု(ပျဉ်သာ၊ ညောင်ကန်၊ ကန်နီ၊ မြေနီကုန်း၊ မကျီးစု)လျော်ဖြူကန်အုပ်စု(ကွမ်းခြံကုန်း၊ လျော်ဖြူကန်၊ ကန်တိုင်ပေါက်၊ သာစည်)များသို့ ကွင်းဆင်းအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #mdy_Jul2020 Source: … Read more
-
ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင် ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ နှောကတိုးကျေးရွာအုပ်စု၊ ကံတော်သာကျေးရွာ၌ (၂၈-၇-၂၀၂၀) ရက်နေ့တွင် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ရေ၀င်ရောက်ပြောင်းရွှေ့အိမ်ထောင်စု (၁) စုအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂၆၀၀/-)ကျပ်နှင့် ဆပ်ပြာ(၁)တောင့်အား (၂၉-၇-၂၀၂၀)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #sgg_Jul2020 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းအိမ်ထောင်စုများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေကူမြို့နယ်၊ ဘိုကုန်း ကျေးရွာတွင် (၂၆-၇-၂၀၂၀) ရက်နေ့၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းအိမ်ထောင်စု (၃)စု၊ လူဦးရေ(၁၀) ဦးတို့အား အိမ်ထောင်စု(၁)စုလျှင်ဆပ်ပြာ (၁)တောင့်နှုန်းဖြင့် စုစုပေါင်း အိမ်ထောင်စု(၃)စုအတွက် ဆပ်ပြာ(၃)တောင့်၊ လူ(၁)ဦးလျှင် အဝတ်Mask(၁)ခုနှုန်းဖြင့် လူဦးရေစုစုပေါင်း (၁၀)ဦးအတွက် အဝတ် Masks (၁၀)ခု၊ အိမ်ထောင်စု(၁)စုလျှင် ပြောင်းရွှေ့စရိတ်(၁၀၀,၀၀၀/-)ကျပ်နှုန်းဖြင့် စုစုပေါင်းအိမ်တောင်စု (၃)စုအတွက်(၃၀၀,၀၀၀/-)ကျပ် နှင့် (၁)ဦးလျင် (၇)ရက်စာဆန်ဖိုးငွေ(၂၁၀၀/-) ကျပ်နှုန်းဖြင့် စုစုပေါင်းလူဦးရေ … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၇-၂၀၂၀)ရက်နေ့တွင် ဇလွန်မြိုနယ်၊ ဒေါင့်ကြီးအုပ်စု၊ ဒေါင့်ကြီး၊ အိုးဘိုမြောက်၊ လက်ခုပ်တန်း၊ တာကလေးကျေးရွာတို့၌ (၀၈:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန် အထိလည်းကောင်း၊ ဟင်္သာတမြို့နယ်၊ ကင်းရပ်ကွက်၊ ဘုရားကြီးရပ်ကွက်တို့၌ (၁၈:၀၀) နာရီအချိန်မှ(၂၀:၀၀)နာရီအချိန်အထိလည်းကောင်း COVID-19 ရောဂါ ဒုတိယလှိုင်းကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်း၊ ဧရာဝတီတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀)ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်များ၊ ရာသီအလိုက်ဖြစ်ပွားလေ့ရှိ သည့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေး အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၀) ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၇)ရပ်ကွက်၊ အမှတ်(၁၈) ရပ်ကွက်၊ အမှတ်(၁၉)ရပ်ကွက်၊အမှတ်(၂၀)ရပ်ကွက်၊ အတွင်းပဒံကျေးရွာ၊ အပြင်ပဒံကျေးရွာများတွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဌာနမှ ထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ အချက် အလက်များ၊ ရပ်ကွက်များအတွင်း အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #ygn_Jul2020 Source: … Read more
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုး ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည (၂၅.၇.၂၀၂၀)ရက်နေ့ (၀၂:၀၅)ချိန်တွင် လားရှိုးမြို့နယ်၊ မန်ဆန်ရေကျကျေးရွာအုပ်စု၊ မန်ဆန်ရေကျကျေးရွာ၌ မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးကူးဆက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နေအိမ်(၁)လုံးနှင့် အိမ်ရှင်မှာ မီးလောင်သေဆုံးခဲ့ရာ အဆိုပါ မီးဘေးသင့် အိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်နှင့် သေဆုံးသူ(၁)ဦး အတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၀၀၀၀၀/-)ကျပ်တို့အား (၂၇.၇.၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #shn_jul2020 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)









