ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းအိမ်ထောင်စုများအား ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ‌ရွှေကူမြို့နယ်၊ ဘိုကုန်း ‌ကျေးရွာတွင် (၂၆-၇-၂၀၂၀) ရက်နေ့၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းအိမ်ထောင်စု (၃)စု၊ လူဦးရေ(၁၀) ဦးတို့အား အိမ်ထောင်စု(၁)စုလျှင်ဆပ်ပြာ (၁)တောင့်နှုန်းဖြင့် စုစုပေါင်း   အိမ်ထောင်စု(၃)စုအတွက် ‌ဆပ်ပြာ(၃)တောင့်၊ လူ(၁)ဦးလျှင် အဝတ်Mask(၁)ခုနှုန်းဖြင့် လူဦးရေစုစုပေါင်း (၁၀)ဦးအတွက် အဝတ် Masks (၁၀)ခု၊ အိမ်ထောင်စု(၁)စုလျှင် ပြောင်းရွှေ့စရိတ်(၁၀၀,၀၀၀/-)ကျပ်နှုန်းဖြင့် စုစုပေါင်းအိမ်တောင်စု (၃)စုအတွက်(၃၀၀,၀၀၀/-)ကျပ်  နှင့် (၁)ဦးလျင် (၇)ရက်စာဆန်ဖိုးငွေ(၂၁၀၀/-) ကျပ်နှုန်းဖြင့် စုစုပေါင်းလူဦးရေ (၁၀)ဦးတို့အတွက် (၂၁၀၀၀/-)ကျပ်၊ စုစုပေါင်းအိမ်ထောင်စု (၃)စု၊ လူဦးရေ (၁၀)ဦးတို့အတွက် စုစုပေါင်းထောက်ပံ့ငွေ(၃၂၁၀၀၀/-)ကျပ်အား (၂၈-၇-၂၀၂၀)ရက်နေ့၊ ညနေ (၁၇:ဝဝ) နာရီအချိန်တွင် ‌ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe

#kcn_jul2020

Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events