လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မိတ္တီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့်ပတ်သက်၍ သိရှိနားလည်လိုက်နာဆောင်ရွက်စေရန်နှင့် သဘာဝဘေးကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းများ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကို မိတ္ထီလာမြို့နယ်အတွင်းရှိ ကန်သာအုပ်စု (ကန်သာ၊ မင်းရွာ၊ ရိုးကန်၊ ဘုရားဦး၊ ဆပ်ခင်းပေါက်၊ ကျွန်းဖိုပင်၊ ထနောင်းကန်) မကျီးစုအုပ်စု(ပျဉ်သာ၊ ညောင်ကန်၊ ကန်နီ၊ မြေနီကုန်း၊ မကျီးစု)လျော်ဖြူကန်အုပ်စု(ကွမ်းခြံကုန်း၊ လျော်ဖြူကန်၊ ကန်တိုင်ပေါက်၊ သာစည်)များသို့ ကွင်းဆင်းအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
#ar
#mdy_Jul2020
Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး(ဘစမ)