မြဝတီမြို့၊ အ.ထ.က(ခွဲ) ဝှေ့ရှမ်းကျောင်းနှင့် အ.ထ.က သင်္ဃန်းညီနောင်ကျောင်းတို့တွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခေါက်မလိလမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က (၅) ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က(အိန္ဒု)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မယ်စဲ့မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁.၇.၂၀၂၀) ရက်နေ့တွင် မယ်စဲ့မြို့နယ်၊ နမ့်မန်းကျေးရွာအုပ်စု၊ နမ့်မန်းကျေးရွာ၊ ဟွေပါလန် ကျေးရွာ၊ ဝမ်ကန်ကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_aug2020 Source:    မယ်စဲ့မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမ်းမြို့နယ်အတွင်း တိုက်ပွဲရှောင်စုရပ်(၁)ခု၊ ရပ်ကွက်(၉)ခုနှင့် ကျေးရွာ (၆)ရွာသို့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လျက်ရှိသော တိုက်ပွဲရှောင်အိမ်ထောင်စု(၃၂၅)စု၊ လူဦးရေ(၁၅၇၉)ဦးအတွက် ဆန်ရိက္ခာ (၂)ပတ်စာဖိုးထောက်ပံ့ငွေ (၆၆၃၁၈၀၀/-)ကျပ်အား (၃၁-၇-၂၀၂၀)ရက်နေ့ ညနေ(၁၆း၄၅) အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ထံသို့လွဲပြောင်းသွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #rke_aug2020

  • တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တာဝန်ရှိသူများသည် အမ်းမြို့နယ်အတွင်း စျေးတောင်ရပ်ကွက်နှင့် မိုးလုံ လေလုံအားကစားခန်းမရှိ တိုက်ပွဲရှောင်အိမ်ထောင်စု (၃၆၁)စု၊ လူဦးရေ(၁၃၅၃)ဦးအတွက် ဆပ်ပြာ(၁၃၅၃)တောင့်၊ထုံး(၅ ပိဿာပါ) (၃၀) အိတ်အား တိုက်ပွဲရှောင်ပြည်သူများထံ လက်ဝယ်အရောက်သွားရောက်၍လည်းကောင်း၊ တိုက်ပွဲရှောင်စုရပ် (၅)ခုရှိ အိမ်ထောင်စု(၁၇၉)စု၊ လူဦးရေ(၈၇၂)ဦးအတွက် ဆပ်ပြာ(၈၇၂)တောင့်၊ ထုံး(၅ ပိဿာပါ) (၁၀)အိတ်အား (၃၁-၇-၂၀၂၀) ရက်နေ့ (၁၂း၃၀)အချိန်တွင် အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်း၍ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #rke_aug2020

  • ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ​ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညိုမြို့နယ်၊ ရေကင်း ကျေးရွာအုပ်စု၊ ရေကင်းကျေးရွာတွင် (၃၁-၇-၂၀၂၀) ရက်နေ့၌ ဧရာဝတီမြစ်ရေဝင်ရောက် မှုကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စု (၁၀) စုမှ လူဦးရေ (၄၆) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာထောက်ပံ့ငွေ (၉၆၆၀၀/-)ကျပ်၊ အိမ်ထောင်စု (၁၀) စု အတွက် ဆပ်ပြာ (၁၀) တောင့်နှင့် လူဦးရေ (၄၆) ဦးအတွက် (၁) ဦးလျှင် Surgical … Read more

  • ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ ရောဘတ်IDPစခန်းမှ အိမ်ထောင်စု(၂)စု၊ လူဦးရေ (၁၅)ဦးနှင့် မံစီမြို့နယ်၊ မိုင်းခေါင်IDPစခန်းမှ အိမ်ထောင်စု(၂၆)စု၊ လူဦးရေ(၁၁၇)ဦး၊ စုစုပေါင်းအိမ်ထောင်စု(၂၈)စု၊ လူဦးရေ(၁၃၂)ဦး တို့သည် ၎င်းတို့မူလနေရပ်ဖြစ်သော မခေါယန်ကျေးရွာသို့ ပြောင်းရွှေ့ခဲ့ပြီး၊ ပြောင်းရွှေ့ အိမ်ထောင်စု(၂၈)စုလူဦးရေ(၁၃၂)ဦးတို့ အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါပုံး(၂၈)ပုံး၊ (ဆန်၊ဆီ၊ဆား၊ပဲ)(၁)လစာ၊ ပြောင်းရွှေ့ စရိတ်(၁)အိမ်ထောင်(၁၀၀၀၀၀/-) နှုန်းဖြင့်(၂၈၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄၄၁၆၉၀၀/-)တို့ကို (၃၁-၇-၂၀၂၀)ရက်နေ့(၁၀:၃၀)နာရီအချိန်တွင် မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr … Read more

  • ရေဘေးသင့်ပြည်သူများအတွက်‌ ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထုံးဘိုကျေးရွာအုပ်စု၊ ထုံးဘိုကျေးရွာတွင် (၃၀.၇.၂၀၂၀)ရက်နေ့ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရွှေ့ပြောင်းရသော အိမ်ထောင်စု(၁၂)စုမှ လူဦးရေ(၄၁)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ ထောက်ပံ့ငွေ (၈၆၁၀၀/-)ကျပ် Surgical mask(၈၂)ခုနှင့် ဆပ်ပြာ(၁၂)တောင့်တို့အား (၃၁.၇.၂၀၂၀)ရက်နေ့ နေ့လည်(၁၃:၃၀)နာရီ အချိန်တွင် ပြည်သူလက်ဝယ် အရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #bgo_jul2020 Source:   ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)