ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ​ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညိုမြို့နယ်၊ ရေကင်း ကျေးရွာအုပ်စု၊ ရေကင်းကျေးရွာတွင် (၃၁-၇-၂၀၂၀) ရက်နေ့၌ ဧရာဝတီမြစ်ရေဝင်ရောက် မှုကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စု (၁၀) စုမှ လူဦးရေ (၄၆) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာထောက်ပံ့ငွေ (၉၆၆၀၀/-)ကျပ်၊ အိမ်ထောင်စု (၁၀) စု အတွက် ဆပ်ပြာ (၁၀) တောင့်နှင့် လူဦးရေ (၄၆) ဦးအတွက် (၁) ဦးလျှင် Surgical Mask (၂) ခုနှုန်းဖြင့် (၉၂) ခုတို့အား (၃၁-၇-၂၀၂၀) ရက်နေ့၊ နေ့လည် (၁၅:၀၀)နာရီ အချိန်တွင် ရွာသာယာကျေးရွာသို့  ပြည်သူ့လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld

#bgo_jul2020

Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events