လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထုံးဘိုကျေးရွာအုပ်စု၊ ထုံးဘိုကျေးရွာတွင် (၃၀.၇.၂၀၂၀)ရက်နေ့ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရွှေ့ပြောင်းရသော အိမ်ထောင်စု(၁၂)စုမှ လူဦးရေ(၄၁)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ ထောက်ပံ့ငွေ (၈၆၁၀၀/-)ကျပ် Surgical mask(၈၂)ခုနှင့် ဆပ်ပြာ(၁၂)တောင့်တို့အား (၃၁.၇.၂၀၂၀)ရက်နေ့ နေ့လည်(၁၃:၃၀)နာရီ အချိန်တွင် ပြည်သူလက်ဝယ် အရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#bgo_jul2020
Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)