တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တာဝန်ရှိသူများသည် အမ်းမြို့နယ်အတွင်း စျေးတောင်ရပ်ကွက်နှင့် မိုးလုံ လေလုံအားကစားခန်းမရှိ တိုက်ပွဲရှောင်အိမ်ထောင်စု (၃၆၁)စု၊ လူဦးရေ(၁၃၅၃)ဦးအတွက် ဆပ်ပြာ(၁၃၅၃)တောင့်၊ထုံး(၅ ပိဿာပါ) (၃၀) အိတ်အား တိုက်ပွဲရှောင်ပြည်သူများထံ လက်ဝယ်အရောက်သွားရောက်၍လည်းကောင်း၊ တိုက်ပွဲရှောင်စုရပ် (၅)ခုရှိ အိမ်ထောင်စု(၁၇၉)စု၊ လူဦးရေ(၈၇၂)ဦးအတွက် ဆပ်ပြာ(၈၇၂)တောင့်၊ ထုံး(၅ ပိဿာပါ) (၁၀)အိတ်အား (၃၁-၇-၂၀၂၀) ရက်နေ့ (၁၂း၃၀)အချိန်တွင် အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်း၍ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_otr
#rke_aug2020

Sign Up

Upcoming Events