ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ ရောဘတ်IDPစခန်းမှ အိမ်ထောင်စု(၂)စု၊ လူဦးရေ (၁၅)ဦးနှင့် မံစီမြို့နယ်၊ မိုင်းခေါင်IDPစခန်းမှ အိမ်ထောင်စု(၂၆)စု၊ လူဦးရေ(၁၁၇)ဦး၊ စုစုပေါင်းအိမ်ထောင်စု(၂၈)စု၊ လူဦးရေ(၁၃၂)ဦး တို့သည် ၎င်းတို့မူလနေရပ်ဖြစ်သော မခေါယန်ကျေးရွာသို့ ပြောင်းရွှေ့ခဲ့ပြီး၊ ပြောင်းရွှေ့ အိမ်ထောင်စု(၂၈)စုလူဦးရေ(၁၃၂)ဦးတို့ အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါပုံး(၂၈)ပုံး၊ (ဆန်၊ဆီ၊ဆား၊ပဲ)(၁)လစာ၊ ပြောင်းရွှေ့ စရိတ်(၁)အိမ်ထောင်(၁၀၀၀၀၀/-) နှုန်းဖြင့်(၂၈၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄၄၁၆၉၀၀/-)တို့ကို (၃၁-၇-၂၀၂၀)ရက်နေ့(၁၀:၃၀)နာရီအချိန်တွင် မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_otr
#kcn_jul2020

Sign Up

Upcoming Events