မြောင်းမြခရိုင်၊ ‌မြောင်းမြမြို့နယ်၊ မြို့မစျေးနှင့် မြသာယာစျေးတို့တွင် အသိပညာပေးလုပ်ငန်း များဆောင်ရွက်မှု သတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ညောင်ပင်လေးစျေးနှင့် ညောင်ပင်ကြီးစျေးတို့တွင် အသိပညာ‌ပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ပကိတ်ကျေးရွာအုပ်စု၊ ပကိတ်ကျေးရွာတွင် မီးဘေး ထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ သပြေတန်း ကျေးရွာအုပ်စု၊ ရန်အောင်ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ အမှတ်(၅) ရပ်ကွက်၌ မီးဘေးထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ အုပ်စု၊ စည်သာအေးကျေးရွာ၌ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၀၄/၂၀၂၆) - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာ အုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာအုပ်စု၊‌ အောင်သု‌‌ခကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်၊ မဟာစည်(၄)လမ်းတွင် မီးဘေး ထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • မြစ်ရေကြီးခြင်းသတိပေးချက်

      ===================================== မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့ (၁၂:၀၀)နာရီ အချိန်တွင် မြစ်ရေကြီးခြင်း သတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေ သည် ငါးသိုင်းချောင်းမြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ငါးသိုင်းချောင်းမြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင် သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

  • အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၂၀) ရက်နေ့တွင် ရေဖြူမြို့နယ်အတွင်းရှိ (က)ရပ်ကွက်နှင့်(ခ)ရပ်ကွက်တို့တွင် လော်စပီကာတို့ဖြင့် (Covid-19)‌အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပက်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် မိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့် ပက်သက်သည့် ဆောင်ရန်‌/ရှောင်ရန် အချက်များအား   ပြည်သူသို့အသိပညာပေး လှည့်လည်ကြေညာခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_jul2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၀) ရက်နေ့၌ ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာအုပ်စု၊ ကျောင်းကုန်း ကျေးရွာတွင် တောင်ယာလုပ်ငန်းလုပ်ကိုင်နေစဉ် မိုင်းပေါက်ကွဲ၍ သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-) ကျပ်အား (၃၀-၇-၂၀၂၀) ရက်နေ့ (၁၄း၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ကျန်ရစ်သူမိသားစုများ လက်၀ယ်အရောက် ထောက်ပံ့‌ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_ otr #shn_jul2020

  • တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူအထူးဒေသရှိ ​​​တိုက်ပွဲရှောင်စခန်းများဖြစ်သည့် မြတ်ပန်း ဝတ်မှုံနှင့် အေးလင်း​မြတ်ရှင် စခန်းများသို့ သွားရောက်၍ COVID-19 ကြိုတင်ကာကွယ်နိုင်ရန် အိမ်ထောင်စု(၈၇၁)၊ လူဦးရေ(၅၂၈၁)ဦးတို့အတွက် ဆပ်ပြာ(၅၂၈၁)တုံး၊ ထုံးအိတ်(၂၀)အိတ်နှင့် အဝတ်နှာခေါင်းစည်း (၁၅၀၀)ခုတို့အား (၃၁-၇-၂၀၂၀) ရက်နေ့တွင် ကရင်ပြည်နယ် လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တို့နှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jul2020 Source:   ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၂၀)ရက်နေ့ (၁၄:၃၀)နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သော ပြောင်းရွှေ့နေအိမ် (၄၆)လုံး၊ အိမ်ထောင်စု (၄၆)စုမှ လူဦး‌ရေ (၂၀၂)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂၄၂၀၀/-)ကျပ်၊ အိမ်ထောင်စု (၁)စုလျင် ဆပ်ပြာ (၁)တောင့်၊ Surgical Mask (၂)ခုနှုန်းဖြင့် ဆပ်ပြာ (၄၆)တောင့်နှင့် Mask (၉၂)ခုတို့အား (၃၀-၇-၂၀၂၀) ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် ရွှေမျက်မှန်ဘုရားဝန်းတွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်၊ ရန်ကြီးအောင်ရပ်ကွက်နှင့် အောင်သုခရပ်ကွက်တို့တွင် COVID-19 ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များကြိုတင်ပြင်ဆင်ရေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jul2020 Source:   ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)