လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုင်းတုံခရိုင်၊ ကျိုင်းတုံ မြို့နယ်၊ နမ့်ခတ်ကျေးရွာအုပ်စု၊ ကယ်ဝှက်ကျေးရွာနှင့် ပန်ကြူကျေးရွာအုပ်စု၊ နမ့်ဆီ(၄)ကျေး ရွာတို့၌ (၃-၈-၂၀၂၀)ရက်နေ့၊ (၀၅:၀၀)နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ် မှုကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၆) စုနှင့် ဘုန်ကြီးကျောင်း (၁) ကျောင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၇၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၄၈) ဦးအတွက် ဆန်ရိက္ခာ (၁) ပတ်စာထောက်ပံ့ငွေ (၁၀၀၈၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးတို့အား (၃-၈-၂၀၂၀) ရက်နေ့ ၊(၁၆:၀၀) နာရီအချိန်ခန့်တွင် လေဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#shn_aug2020

Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events