ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းအိမ်ထောင်စုများအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညိုမြို့နယ်၊ လက်ပံခုန် ကျေးရွာအုပ်စု၊ ပြည်တော်သာကျေးရွာနှင့် ဟင်္သာချောင်ကျေးရွာအုပ်စု၊ ရင်းနှောင်းကုန်းကျေးရွာ တို့တွင် (၂-၈ -၂၀၂၀) ရက်နေ့၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ် ထောင်စု (၁၁) စုမှ လူဦးရေ (၃၈) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာထောက်ပံ့ငွေ (၇၉,၈၀၀/-)ကျပ် ၊ အိမ်ထောင်စု(၁၁)စု အတွက် ဆပ်ပြာ (၁၁) တောင့်နှင့် လူဦးရေ (၃၈)ဦးအတွက် (၁) ဦးလျှင် Surgical Mask (၂) ခုနှုန်းဖြင့် (၇၆)ခုတို့ အား (၃-၈-၂၀၂၀)ရက်နေ့၊ နေ့လည် (၁၃:၃၀) နာရီ အချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်-၂၊ မိုးညိုမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူ့လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld

#bgo_aug2020

Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events