လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာ၌ (၂-၈-၂၀၂၀) ရက်နေ့၊ (၁၂:၃၀)နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် နေအိမ် (၁၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၈၂,၅၀၀/-) ကျပ်၊ လူဦးရေ (၅၉) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇)ရက်စာ (၁၂၃,၉၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၀၆,၄၀၀/-) ကျပ်တို့အား (၃-၈-၂၀၂၀) ရက်နေ့၊ (၁၄:၅၀)နာရီအချိန်တွင် သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူ များလက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mon_aug2020
Source: သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)