Latest News
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၈-၂၀၂၀) ရက်နေ့နှင့် (၃-၈-၂၀၂၀) ရက်နေ့တို့တွင် တနင်္သာရီမြို့နယ်၊ မော်တုန်းကျေးရွာအုပ်စု၊ ဇဝဲကျေးရွာအုပ်စု၊ တမုတ်ချုံးကျေးရွာအုပ်စု၊ ပဝကျေးရွာအုပ်စု၊ တကူကျေးရွာအုပ်စုနှင့် သာရဘွင် ကျေးရွာအုပ်စုများတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေ (၁၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၄၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၅၉) ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၂၃၉၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၁၄)ပုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ ငွေ (၄၅၀၀၀၀/-)ကျပ်၊ လူဦးရေ (၃၂) ဦးအတွက် … Read more
-
မိုးသည်းထန်စွာရွာသွန်း၍ သစ်ပင်ပြိုလဲမှု့ကြောင့် ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ ရေနံမကျေးရွာအုပ်စု၊ ရေနံမမြောက် ကျေးရွာ၌ (၃-၈-၂၀၂၀)ရက်နေ့၊ (၀၉:၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်း၍ သစ်ပင်ပြိုလဲမှုကြောင့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်တို့ကို (၅-၈-၂၀၂၀)ရက်နေ့တွင် မင်းလှမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတို့နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mgy_aug2020 Source: မင်းလှမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၂၀)ရက်နေ့တွင် သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ကျေးရွာအုပ်စု (၁၄)စု၊ ကျေးရွာ(၁၄)ရွာတွင် မိုးသည်းထန် စွာရွာသွန်းပြီး ချောင်းရေမြင့်တက်မှုကြောင့် လူနေအိမ်(၁၉)လုံး ချောင်းရေမျောပါ၍၊ လူနေအိမ် (၃၃)လုံး ချောင်းရေမျောနွံနစ်ခဲ့ရာ ချောင်းရေမျောပါအိမ်ထောင်စု(၁၉)စုအတွက် ၊ ကယ်ဆယ် ရေးပစ္စည်း (၁၆)မျိုး (၁၉) စုစာနှင့် လူဦးရေ(၆၅)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၁၃၆,၅၀ဝ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၉၀၀,၀၀ဝ/-)ကျပ်နှင့် ချောင်းရေ မျောနွံနစ် အိမ်ထောင်စု (၃၃) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၉၀,၀၀ဝ/-)ကျပ် … Read more
-
ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ပြောင်းရွှေ့ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ သပြေတောကျေးရွာအုပ်စု၊ သပြေတောကျေးရွာနှင့် မလွန်ကျေးရွာအုပ်စု၊ မလွန်ကျေးရွာတို့၌ (၃၁-၇-၂၀၂၀) ရက်နေ့မှ (၃-၈-၂၀၂၀)ရက်နေ့အထိ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ပြောင်းရွှေ့အိမ်ခြေ(၂၅)လုံး၊ အိမ်ထောင်စု (၂၅)စုမှ လူဦးရေ (၉၁)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၉၁,၁၀၀/-)ကျပ်ကို (၅-၈-၂၀၂၀)ရက်နေ့တွင် မင်းလှမြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတို့နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mgy_aug2020 Source: မင်းလှမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ် အောက်ထုံးကျေးရွာ အုပ်စု၊ အောက်ထုံးကျေးရွာ၊ ဗာမဏီကျေးရွာ၊ စစ်ကုန်းကျေးရွာ၊ မရမ်းစုကျေးရွာနှင့် အင်းတေးစုကျေးရွာ တို့၌ (၃၁-၇-၂၀၂၀) ရက်နေ့နှင့် (၁-၈-၂၀၂၀) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၄၅) လုံး၊ အိမ်ထောင်စု (၄၅) စုမှ လူဦးရေ(၁၈၈) ဦး တို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၉၄,၈၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄,၅၀၀,၀၀၀/-) … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သရက်ချောင်းမြို့နယ် ၊ကျောက်ဆည်ကျေးရွာ၌ (၃-၈-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၂) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၅,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၂) အိမ်ထောင်စုစာတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတို့နှင့်အတူ (၄-၈-၂၀၂၀)ရက်နေ့၊ (၁၅:၃၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_aug2020 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)









