ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၈-၂၀၂၀) ရက်နေ့ တွင် ပန်းတောင်းမြို့နယ်၊ သူရဲတန်းအုပ်စု၊ ကျားကိုက်ကျေးရွာ၌ သူရဲတန်းချောင်းရေတိုက်စာပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ် (၁) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံငွေ (၁၀၀,၀၀၀/-)ကျပ် ၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာထောက်ပံ့ငွေ (၄၂၀၀/) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွ(၁၀၄,၂၀၀/)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးပါ ပလပ်စတစ်ပုံး၊(၁)အိမ်ထောင်စာတို့အား (၆-၈-၂၀၂၀)ရက်နေ့၊ နေ့လည် (၁၅:၃၀)နာရီအချိန်တွင် ကျားကိုက်ကျေးရွာသို့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေး စာရေးတို့နှင့်အတူ ပြည်သူ့လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe

#bgo_aug2020

Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events