လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၈.၂၀၂၀) ရက်နေ့နှင့် (၄.၈.၂၀၂၀) ရက်နေ့များတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် မြိတ်မြို့နယ်၊ ပြင်းငယ်ကျေးရွာအုပ်စု ပပြင်ကျေးရွာအုပ်စုတို့တွင် ပြိုကျပျက်စီးသွားသော အိမ်ခြေ (၈)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၈၀၀၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၈)စု တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀/-) ကျပ် လူဦးရေ (၇၃)ဦးအတွက် (၇)ရက်စာ (၁၅၃၃၀၀/-) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၁၂၅၃၃၀၀/-)ကျပ်ကို (၆.၈.၂၀၂၀)ရက်နေ့ တွင် သံသရာအေးလူမှုအထောက်အကူပြုအသင်း ကြက်ခြေနီ အဖွဲ့တို့နှင့်အတူ ဘေးသင့်ပြည်သူ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#tny_aug2020
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)