လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပန်းတောင်းမြို့၊ ကြခတ်၊ ဝန်လို၊ စည်သာ၊ ဖောင်းကန်ရပ်ကွက်နှင့် တောင်ဘွေကျေးရွာတို့၌ (၄-၈-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဝင်ပြောင်းရွှေ့ အိမ်ထောင်စု(၂၈၃)စုတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၉၄,၃၀၀/-) ကျပ်၊ ဆပ်ပြာ(၈၂)တောင့်နှင့် Mask (၅၆၆) ခုတို့ကို (၆-၈-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူ့လက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#bgo_aug2020
Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)