လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၂၀)ရက်နေ့ တွင် ပန်းတောင်းမြို့နယ်၊ ထုံးဘိုကျးရွာအုပ်စု၊ ထုံးဘိုကျးရွာ၌ ဧရာဝတီမြစ်ရေဝင်ရောက်မှု ကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စု (၇) စုမှ လူဦးရေ (၂၈) ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာထောက်ပံ့ငွေ (၅၈,၈၀၀/-)ကျပ်၊ အိမ်ထောင်စု (၇)စု အတွက် ဆပ်ပြာ (၇) တောင့်နှင့် လူဦးရေ (၂၈) ဦးအတွက် (၁) ဦးလျှင် Surgical Mask (၂) ခုနှုန်းဖြင့် (၅၆) ခုတို့အား (၆-၈-၂၀၂၀) ရက်နေ့၊ ညနေ (၁၆:၃၀)နာရီအချိန်တွင် ထုံးဘိုကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူ့လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#bgo_aug2020
Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)