Latest News
-
ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ မိန်းမလှကျေးရွာနှင့် ဖောင်းကတောကျေးရွာတို့၌ (၅-၈-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေ မြင့်တက် လာမှုကြောင့် ရေဘေးရှောင်အိမ်ထောင်စု(၈) စု၊ ပြိုကျပျက်စီးအိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက် ပစ္စည်းဖိုး(၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးနှင့် လူဦးရေ (၄၅) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၉၄,၅၀ဝ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၉၄,၅၀၀/-) ကျပ်တို့အား (၆-၈-၂၀၂၀) ရက်နေ့၊(၁၃:၀၀) နာရီအချိန်တွင် … Read more
-
Covid-19 ကူးစက်ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အတူပူးပေါင်း၍ (၆-၈-၂၀၂၀)ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ လပွတ္တလုပ် တောင်/မြောက်ကျေးရွာအုပ်စု၊ လပွတ္တလုပ်တောင်/မြောက် ကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာ၊ ကြိမ်ချောင်းကျေးရွာ၊ ကန့်ဘလာကျေးရွာ၊ သရက်ကုန်းကျေးရွာ၊ ဘုရားကြီးကျေးရွာ၊ ပိန္နဲကုန်းကျေးရွာနှင့် ဓမင်းချောင်းကျေးရွာ များတို့တွင် (ဒုတိယအကြိမ်) Covid-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ၊ … Read more
-
ချောင်းရေမြင့်တက်လာမှုကြောင့် ကြိုတင်ပြောင်းရွှေ့ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ရုံးပင်ကျေးရွာအုပ်စု၊ ရုံးပင်ကျေးရွာ၌ (၅-၈-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်း၍ ပလွေးချောင်းရေ မြင့်တက်လာမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ နေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ(၂၁,၀၀ဝ/-)ကျပ်တို့ကို (၆-၈-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #npw_aug2020 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
-
မြစ်ရေကြီးခြင်းသတိပေးချက်
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၆) ရက်နေ့ (၁၃:၀၀) နာရီ အချိန်တွင် မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်အရ တိုးမြစ်ရေသည် မအူပင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက် ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂) ရက်အတွင်း ဒီရေမြင့်တက်ချိန် တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ မအူပင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဘီးလင်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၈-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) အချိန်မှ (၁၂:၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊တောင်စွန်းကျေးရွာအုပ်စုအတွင်းရှိ ကေသဝတီရပ်ကွက်၊ကရင်စုရပ်ကွက်၊အောင်ခေမာရပ်ကွက်၊ တပင်ရွှေထီးရပ်ကွက်၊ ဘုရင့်နောင် ရပ်ကွက်၊ စက်ကလေးရပ်ကွက်၊ အင်းဖုန်းကြီးရပ်ကွက်နှင့် မြို့မရပ်ကွက်တို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းပေးပို့အပ်ပါသည်။ #ar #mon_aug2020 Source: … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ မကျီးစုကျေးရွာတွင် (၃၀-၇-၂၀၂၀) ရက်နေ့နှင့် (၃-၈-၂၀၂၀) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ခြေ (၂) လုံး၊ လူဦးရေ (၆) ဦး တို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၁၂,၆၀၀) ကျပ်ကို (၅-၈-၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီချိန်တွင် မြန်အောင်မြို့ … Read more









