လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်​ပြည်နယ်ဉီးစီးမှူးရုံးနှင့် ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေးမြို့နယ်၊ ကုလားကုတ်ကျေးရွာအုပ်စု၊ ပသျူးချောင်းကျေးရွာတွင် (၄.၈.၂၀၂၀) ရက်နေ့၊ (၁၅:၃၀) အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပြိုကျပျက်စီးခဲ့‌သော​နေအိမ်(၁၃)လုံး၊ အိမ်ထောင်စု (၁၃) စုမှ လူဉီးရေ(၄၃)ဉီး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ ကျပ်(၁၃၀၀၀၀၀/၊ (၇)ရက်စာဆန်ရိက္ခာဖိုး ငွေကျပ် (၉၀၃၀၀/-) တိတိစုစု‌ပေါင်း ထောက်ပံ့ငွေ ကျပ်(၁၃၉၀၃၀၀/)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၁၃)အိမ်ထောင်စာတို့အား (၈-၈-၂၀၂၀) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်
ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းနှင့်ရေဘေး၊ ‌မုန်တိုင်းဘေးနှင့်ဆူနာမီဘေး အသိပညာပေးဗီနိုင်း ကပ်ခြင်း ၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

#ha_sgw

#mon_aug2020

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events