Latest News
-
ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၈-၂၀၂၀)ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ မိဂလုံကျေးရွာအုပ်စု၊ ကျိုက်ဇင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြိုကျပျက်စီးဆုံးရှုံးသွားသော ဘုန်းတော်ကြီးကျောင်း အိပ်ခန်းဆောင် (၁)ဆောင်၊ အုတ်စီကုဋီ (၁) လုံးနှင့် သစ်သားကုဋီ(၁)လုံးတို့အတွက် ကယ်ဆယ်ရေးထောက်ပံ့ ငွေ (၂၀၀,၀၀၀/-)ကျပ်အား (၁၂-၈-၂၀၂၀)ရက်နေ့တွင် ကျောင်းထိုင်ဆရာတော်ကြီးထံသို့ လက်ဝယ် အရောက်သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #krn_aug2020 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဘေးသင့်သေဆုံးသူအတွက် ထောက်ပံ့ပေးမှုသတင်း
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာတွင် (၅-၈-၂၀၂၀)ရက်နေ့ (၁၂:၁၅) အချိန်၌ ရေမဆေးသမား ဦးလှဝင်းပြည့်(သ)၂၀နှစ်(ဘ)ဦးကျော်မျိုး မိုးညှင်းမြို့နေသူသည် ကမ်းပါးယံအမြင့်ပေ (၁၀၀) ခန့်မှ ပြုတ်ကျလာ သော ကျောက်ခဲထိမှန်၍ ဦးခေါင်းနှင့် ခြေထောက်ပွန်းပဲ့ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွား ခဲ့ရာ (၁၂-၈-၂၀၂၀)ရက်နေ့ ညနေ(၁၆:၂၀)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သေဆုံး သူ (၁) ဦးအတွက် (၃၀၀,၀၀၀) ကျပ်ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_otr … Read more
-
Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၂၀) ရက်နေ့၊ (၁၁:၃၀) နာရီအချိန်တွင် သာပေါင်းမြို့နယ်၊ အုတ်ရှစ်ကျေးရွာ အုပ်စု၊ အုတ်ရှစ်ကျေးရွာ၊ ကညင်ကုန်းကျေးရွာ၊ ထန်းတိုကျေးရွာတို့တွင် Covid-19 ဒုတိယလှိုင်းကူးစက်မှု မဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေ မိဘပြည်သူတို့အား အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၂၀) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ သဲကုန်းလေးကျေးရွာ၊ ညောင်တပင်ကျေးရွာ၊ တညင်းကုန်းကျေးရွာ၊ ကုန်တန်းကလေးကျေးရွာ၊ တော်ကြပ်ကျေးရွာတို့၌ COVID -19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန်အတွက် အများပြည်သူ အလွယ်တကူသိရှိလိုက်နာ ဆောင်ရွက်ရန် အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည့်လည်ဟောပြောခြင်း၊ ဘေး(၈)မျိုး လက်ကမ်းစာစောင် ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၂၀) ရက်နေ့ ၊ နံနက် (၀၉:၀၀) အချိန်မှ (၁၂:၀၀) နာရီအချိန်အထိ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ကကလကျေးရွာ၊ ထန်းပင်စုကျေးရွာ၊ ကဝဲကျောင်းစုကျေးရွာ၊ ကဝဲညောင်ချောင်းကျေးရွာတို့တွင် လတ်တလော နိုင်ငံ အသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော Covid -19 ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ (၂၉-၇-၂၀၂၀) ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက် များအားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်သည့် သဘာဝဘေးအသိပညာပေးခြင်းတို့အားလည်းကောင်း အများပြည်သူများသိရှိလိုက်နာရန် … Read more
-
Covid-19 ကူးစက်မှုဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၈.၂၀၂၀) ရက်နေ့တွင် ထားဝယ်မြို့နယ်အတွင်းရှိ ပကာရီကျေးရွာနှင့် သဗျာကျေးရွာတို့တွင် လော်စပီကာတို့ဖြင့် Covid-19 ရောဂါနှင့်ပက်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီ ကာလသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေး အန္တရာယ်နှင့်ပတ်သက် သည့် ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_aug2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)









