လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၈-၂၀၂၀)ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ မိဂလုံကျေးရွာအုပ်စု၊ ကျိုက်ဇင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြိုကျပျက်စီးဆုံးရှုံးသွားသော ဘုန်းတော်ကြီးကျောင်း အိပ်ခန်းဆောင် (၁)ဆောင်၊ အုတ်စီကုဋီ (၁) လုံးနှင့် သစ်သားကုဋီ(၁)လုံးတို့အတွက် ကယ်ဆယ်ရေးထောက်ပံ့ ငွေ (၂၀၀,၀၀၀/-)ကျပ်အား (၁၂-၈-၂၀၂၀)ရက်နေ့တွင် ကျောင်းထိုင်ဆရာတော်ကြီးထံသို့ လက်ဝယ် အရောက်သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_otr
#krn_aug2020
Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)