လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၈.၂၀၂၀) ရက်နေ့တွင် ထားဝယ်မြို့နယ်အတွင်းရှိ ပကာရီကျေးရွာနှင့် သဗျာကျေးရွာတို့တွင် လော်စပီကာတို့ဖြင့် Covid-19 ရောဂါနှင့်ပက်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီ ကာလသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေး အန္တရာယ်နှင့်ပတ်သက် သည့် ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#tny_aug2020
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)