လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၂၀) ရက်နေ့၊ (၁၁:၃၀) နာရီအချိန်တွင် သာပေါင်းမြို့နယ်၊ အုတ်ရှစ်ကျေးရွာ အုပ်စု၊ အုတ်ရှစ်ကျေးရွာ၊ ကညင်ကုန်းကျေးရွာ၊ ထန်းတိုကျေးရွာတို့တွင် Covid-19 ဒုတိယလှိုင်းကူးစက်မှု မဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေ မိဘပြည်သူတို့အား အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_aug2020
Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)