ကရင်ပြည်နယ်၊ အ.ထ.က (၅) ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က(အိန္ဒု)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၀) ရက်နေ့တွင် ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု၊ (ရွှေဖလား ကျွန်း၊ ပြည်တော်သာ) ကျေးရွာနှင့် တောကျောင်းကျေးရွာအုပ်စု၊ တောကျောင်းကျေးရွာတို့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေး ကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ နေအိမ် (၁၁)လုံး၊ အိမ်ထောင်စု (၁၁)စုမှ လူဦးရေ (၃၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၈၁၉၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၁၈၁၉၀၀/-)ကျပ်အား (၁၉.၈.၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ … Read more

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူမျာသည် (၁၉-၈-၂၀၂၀) ရက်နေ့‌၊ (၁၀း၃၀) နာရီအချိန်မှစ၍ ကြခတ်ကွင်းကျေးရွာအုပ်စု၊‌ ညောင်ပင်သာကျေးရွာ၊ တောရှည်ကျေးရွာ၊ သရက်ကုန်းကျေးရွာ၊‌ ချင်းစုကျေးရွာ၊ ကျွန်း‌တောစုကျေးရွာ၊‌ မြောက်ကုန်းကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာ၊ မကြီးကုန်းကျေးရွာ၊ ထန်းမကုန်းကျေးရွာနှင့် ကြခတ်ကွင်းကျေးရွာများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီ တိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များအားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးများအန္တရာယ်များနှင့် ပတ်သက်သည့် သဘာဝဘေးအသိပညာပေးခဲ့ပြီး သဘာဝဘေးအသိပညာပေး … Read more

  • ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စုများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ကသာမြို့နယ်၊ မြေနုကျေး ရွာအုပ်စု၊ မြေနုကျေးရွာတွင်(၁၇-၈-၂၀၂၀) ရက်နေ့က ဖြစ်ပွားသော ကမ်းပြိုပြောင်းရွှေ့အိမ် ထောင်စု (၄)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၅,၇၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၄)အိမ်ထောင် စာတို့အား (၁၈-၈-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာကျေးရွာ အုပ်ချုပ် ရေးမှူးမှတဆင့် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့‌ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #sgg_aug2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more

  • ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၂၀) ရက်နေ့တွင် မိုးကောင်းမြို့ ကျွန်းတောရပ်ကွက် IDPနှစ်ခြင်းဘုရားကျောင်း၊ နောင်ကိုင်တော်မဟောင်IDP စခန်းနှင့် နတ်ကြီးကုန်းIDPစခန်း(၃) ခုမှ အိမ်ထောင်စု(၃၈) စု၊ လူဦးရေ (၁၉၃) ဦးအတွက် ဆပ်ပြာ(၁၉၃) ခဲနှင့် ထုံး(၃၀) အိတ်တို့အားသွားရောက်ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #kcn_aug2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကောလင်းမြို့ နယ်၊ ခံသာကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာတွင် (၁၉-၈-၂၀၂၀)ရက်နေ့၌  မီးလောင်မှုကြောင့် မီးဘေးသင့်အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး(၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄,၇၀၀/-)ကျပ်တို့အား (၁၉-၈-၂၀၂၀) ရက်နေ့၊ (၁၅:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_aug2020 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • (Covid-19) ရောဂါ၊ သဘာဝဘေးနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် ပူးပေါင်း၍ (၂၀-၈-၂၀၂၀)ရက်နေ့ နံနက်(၀၇:၀၀) အချိန်တွင် မင်းကင်းမြို့ ယာယီဈေး၌ (Covid-19) ရောဂါနှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရေးအတွက် mask၊ ရေဘေးနှင့် မြေပြိုဘေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #sgg_aug2020     Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)