ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၀) ရက်နေ့တွင် ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု၊ (ရွှေဖလား ကျွန်း၊ ပြည်တော်သာ) ကျေးရွာနှင့် တောကျောင်းကျေးရွာအုပ်စု၊ တောကျောင်းကျေးရွာတို့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေး ကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ နေအိမ် (၁၁)လုံး၊ အိမ်ထောင်စု (၁၁)စုမှ လူဦးရေ (၃၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၈၁၉၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၁၈၁၉၀၀/-)ကျပ်အား (၁၉.၈.၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့မှောက်၌ ကမ်းပြိုဘေးသင့်ပြည်သူ များ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#ayy_aug2020

Source:  မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events