လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ မြေနုကျေး ရွာအုပ်စု၊ မြေနုကျေးရွာတွင်(၁၇-၈-၂၀၂၀) ရက်နေ့က ဖြစ်ပွားသော ကမ်းပြိုပြောင်းရွှေ့အိမ် ထောင်စု (၄)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၅,၇၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၄)အိမ်ထောင် စာတို့အား (၁၈-၈-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာကျေးရွာ အုပ်ချုပ် ရေးမှူးမှတဆင့် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#sgg_aug2020
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)