
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူမျာသည် (၁၉-၈-၂၀၂၀) ရက်နေ့၊ (၁၀း၃၀) နာရီအချိန်မှစ၍ ကြခတ်ကွင်းကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ၊ တောရှည်ကျေးရွာ၊ သရက်ကုန်းကျေးရွာ၊ ချင်းစုကျေးရွာ၊ ကျွန်းတောစုကျေးရွာ၊ မြောက်ကုန်းကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာ၊ မကြီးကုန်းကျေးရွာ၊ ထန်းမကုန်းကျေးရွာနှင့် ကြခတ်ကွင်းကျေးရွာများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီ တိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များအားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးများအန္တရာယ်များနှင့် ပတ်သက်သည့် သဘာဝဘေးအသိပညာပေးခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဝေငှဖြန့်ဝေခြင်းတို့အားလည်းကောင်း၊ အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လည်၍ အသိပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#ayy_aug2020