Latest News
-
Covid-19ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိ ပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၂၀) ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ ချင်းလယ်ကျေးရွာအုပ်စု၊ (ချင်းလယ်၊ မရမ်းကုန်း) ကျေးရွာတို့တွင် နံနက် (၀၈:၀၀)နာရီချိန်မှ (၁၁:၀၀)နာရီ အချိန်အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀) ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တား မြစ်မိန့်နှင့် ညွန်ကြားချက်အားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက်သည့် … Read more
-
ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၂၀) ရက်နေ့တွင် မိုးသည်းစွာရွာသွန်းမှုကြောင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျောင်းပိုင်းရပ်မှ ရေဘေးရှောင်ယာယီပြောင်းရွှေ့နေထိုင်သူ အိမ်ထောင်စု (၂၇) စု၊ လူဦးရေ (၁၁၃) ဦးတို့အား၊ (၇) ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၃၇,၃၀၀/-)ကျပ်နှင့် Surgical Mask (၁၁၃)ခု၊ Hand Gel (၅) ဗူးတို့အား (၂၃-၈-၂၀၂၀) ရက်နေ့၊ နံနက် (၁၂:၀၀)နာရီအချိန်ခန့်တွင် မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့်အတူ သွားရောက်ကြည့်ရှု့ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး … Read more
-
မြစ်ရေကြီးမှုအခြေအနေသတင်း
ချင်းတွင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ================================== ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့တွင် (၄) ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် လက်ရှိရေမှတ်မှ နောက်(၂)ရက်အတွင်း (၁)ပေခွဲခန့် ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ နိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင် (၄) ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် လက်ရှိရေမှတ်မှ နောက်(၂)ရက်အတွင်း ပေဝက်ခန့် ကျဆင်းနိုင်ကာ … Read more
-
ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၂၀) ရက်နေ့၊ မိုးသည်းစွာရွာသွန်းမှုကြောင့် မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ(၂) ရပ်ကွက်မှ ရေဘေး ရှောင်ယာယီပြောင်းရွှေ့နေထိုင်သူ အိမ်ထောင်စု (၁၁၂) စု၊ လူဦးရေ (၄၈၇) ဦးတို့အား (၇) ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁,၀၂၂,၇၀၀/-)ကျပ်နှင့် Surgical Mask (၅၀၀)ခု၊ Hand Gel (၁၀) ဗူးတို့အား (၂၃-၈-၂၀၂၀) ရက်နေ့၊ နံနက် (၁၀)နာရီအချိန်ခန့်တွင် မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့်အတူ သွားရောက်ကြည့်ရှု့ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး COVID-19 စီးပွားရေးကုစားမှုအစီအစဉ်အရ နေပြည်တော်အတွင်းရှိ ထိခိုက်လွယ်အုပ်စုများအား ငွေကြေးအကူအညီများပေးအပ်
ဩဂုတ် ၂၂၊ နေပြည်တော် နိုင်ငံတော်အစိုးရ၏ COVID-19 စီးပွားရေးကုစားမှုအစီအစဉ်အရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ထိခိုက်လွယ်အုပ်စုများတွင် အကျုံးဝင်သည့် အသက်(၈၀)နှစ်နှင့်အထက်၊ အသက်(၈၅)နှစ်အောက်ဘိုးဘွားများနှင့် မသန်စွမ်းသူများအား ငွေကြေးအကူအညီ ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်း၌ COVI-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက် များနှင့်အညီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သွားရောက်ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးစိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ … Read more
-
(Covid-19) ရောဂါ၊ သဘာဝဘေးနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၂၀)ရက်နေ့တွင် မအူပင်မြို့နယ်၊ စစ်ကိုင်းကျေးရွာအုပ်စုရှိ စစ်ကိုင်းကျေးရွာနှင့်ရေကျော်တို့၌ (COVID-19) ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် အများပြည်သူအလွယ်တကူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကြိုတင်ပြင်ဆင်ရေး အသိပေးချက် များ ကို လှည့်လည်ဟောပြောခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင် (၈)မျိုး တို့ကို ဝေငှခြင်း များ ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_aug2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









