
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၂၀) ရက်နေ့တွင် မိုးသည်းစွာရွာသွန်းမှုကြောင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျောင်းပိုင်းရပ်မှ ရေဘေးရှောင်ယာယီပြောင်းရွှေ့နေထိုင်သူ အိမ်ထောင်စု (၂၇) စု၊ လူဦးရေ (၁၁၃) ဦးတို့အား၊ (၇) ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၃၇,၃၀၀/-)ကျပ်နှင့် Surgical Mask (၁၁၃)ခု၊ Hand Gel (၅) ဗူးတို့အား (၂၃-၈-၂၀၂၀) ရက်နေ့၊ နံနက် (၁၂:၀၀)နာရီအချိန်ခန့်တွင် မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့်အတူ သွားရောက်ကြည့်ရှု့ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fld
#mon_aug2020