လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၂၀)ရက်နေ့တွင် မအူပင်မြို့နယ်၊ စစ်ကိုင်းကျေးရွာအုပ်စုရှိ စစ်ကိုင်းကျေးရွာနှင့်ရေကျော်တို့၌ (COVID-19) ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် အများပြည်သူအလွယ်တကူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကြိုတင်ပြင်ဆင်ရေး အသိပေးချက် များ ကို လှည့်လည်ဟောပြောခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင် (၈)မျိုး တို့ကို ဝေငှခြင်း များ ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။