Latest News
-
Covid-19 ကူးစက်ရောဂါမဖြစ်စေရန်ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံ ံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၂၀) ရက်နေ့တွင် ချောင်းဆုံမြို့နယ်အတွင်းရှိ ကော့ကဒိုက်ကျေးရွာနှင့် အဘစ်ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးတို့နှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်တို့ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2020 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၂၀) ရက်နေ့၌ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ တယ်ပင်ကျေးရွာ အုပ်စု၊ ဒိုးဝိုင်းချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ် (၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ (၈)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ(၅၀၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၆၈၀ဝ/-)ကျပ်၊ စုစုပေါင်းရန်ပုံ ငွေ (၆၆၈၀ဝ/-)ကျပ်အား (၂၅-၈-၂၀၂၀)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး တွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_aug2020
-
မြေပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်း ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀) ရက်နေ့၊ (၁၁:၀၀)အချိန်ခန့်တွင် တောင်ကြီးမြို့နယ်၊ ရွှေတောင် ရပ်ကွက်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုနိုင်ခြေရှိ၍ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စုနှင့် လူဦးရေစုစုပေါင်း (၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၅)ဦး အတွက် ဆန်ရိက္ခာ (၁)ပတ်စာ (၁၀၅၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးတို့အား (၂၅-၈-၂၀၂၀)ရက်နေ့၊ (၁၁:၀၀)နာရီအချိန်ခန့်တွင် ဘေးသင့်ပြည်သူများလက်၀ယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_lst #shn_aug2020 … Read more
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၂၀) ရက်နေ့၊ (၀၈း၀၀) နာရီအချိန်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် အတူပူးပေါင်း၍ လပွတ္တာမြို့နယ်၊ မောင်းဒီးကျေးရွာအုပ်စု၊ ကျောက်အိုင်ကျေးရွာ၊ စမ်းကြီးကုန်းကျေးရွာ၊ ကျွန်းကလေး ကျေးရွာ၊ဂေါင်းတိုကျေးရွာ၊ချောင်းဖျားကျေးရွာများတို့တွင်(ဒုတိယအကြိမ်) Covid-19 ကူးစက်ရောဂါ ဆိုင်ရာနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းများကို အများပြည်သူများသိရှိလိုက်နာရန်ကွင်းဆင်း၍ Loud Speaker ဖြင့်လှည့်လှည်၍ အသိပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar … Read more
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုနှင့် Covid-19ကူးစက်ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ် လွှတ်တော်ဥက္ကဌနှင့်အတူ လှိုင်းဘွဲ့မြို့အတွင်းရှိ ရေဘေးရှောင် အိမ်ထောင်စု(၃၃၀)စုမှ လူဦးရေ(၁၅၇၆)ဦးအတွတ် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၃၀၉၆၀၀/-)ကျပ်နှင့် အိမ်ထောင်စု (၃၃၀)စုအတွတ် ဆပ်ပြာ(၃၃၀)ထောင့်တို့အား (၂၅-၈-၂၀၂၀) ရက်နေ့ မနက်(ဝ၉:၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပြီး ရေဘေးအန္တရာယ်နှင့် Covid-19ကူးစက်ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေးပေးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fld #ar #krn_aug2020
-
Covid-19 ကူးစက်ရောဂါမဖြစ်စေရန်ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၂၀)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီချိန်မှ (၁၁:၀၀)နာရီချိန်ထိ ဖာပွန်ခရိုင်၊ ဖာပွန်မြို့ အတွင်းရှိ ကတိုင်တိကျေးရွာ၊ ကကိုင်းဘောကျေးရွာ၊ ကကူလားကျေးရွာ၊ ဝှေဆန်ကျေးရွာနှင့် ကူးဆိပ်ကျေးရွာများတွင် COVID-19 ကူးစက်မြန်ရောဂါပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွား တတ်သော သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဥ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသံချဲ့စက်ဖြင့်အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_aug2020 Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









